Sunday, September 5, 2010

အဖြစ်အပျက်

ကောင်မလေးရေ.......
စက်တင်ဘာ(၁၂)ရက်နေ့က
ကောင်းကင်ပြာကြီးအောက်မှာ
ငါ့ကိုချစ်တယ်လို့ နင်ပြောခဲ့တယ်နော်
အဲဒီနေ့က ငါအရမ်းပျော်လို့
ကောင်းကင်ကြီးကိုတောင်
ထိုင်ရှိခိုးမိတယ်................................။

ကောင်မလေးရေ.......
နင်နဲ့ငါ ချစ်သူသက်တမ်း
(၃)လပြည့်တဲ့နေ့မှာ
နင်ငါ့ကို စိမ်းကားစွာ ပစ်ပယ်ခဲ့တယ်နော်
အဲဒီနေ့က မိုးကောင်းကင်ကြီးကိုကြည့်ပြီး
ငါငိုခဲ့ရတယ်.....................................။

ဒါပေမယ့် ကောင်မလေးရယ်
အရယ်အပြုံးမရှိတဲ့
မိုးကောင်းကင်ကြီးက
ငါ့ကိုဒီအတိုင်းပဲကြည့်နေခဲ့တယ်
ငါမလွမ်းဆွေးရဲဘူး ကောင်မလေးရယ်.........................။

မိုးတိမ်ကဗျာ

No comments:

Post a Comment

ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။