ငါဆိုတဲ့ကောင်က
တစ်ခါခါတော့ ခက်သား
အလွမ်းတွေဝေနေအောင်ပွင့်နေတဲ့
သစ်ပင်အောက်
မချစ်တတ်သူကို ချစ်ရေးဆိုမိတော့
အသည်းကွဲတာ ဆန်းသလား..............။
အက်ကွဲ မှုန်မိုင်းတဲ့ ညနေစောင်းမှာ
ချစ်သူက ရင်ဘတ်ပေါ်ပြိုကာလဲကျ
နောက်ဆုံးနှုတ်ဆက်စကားဆိုမိချိန်
ငါ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့
ဘာအကြောင်းမှ မပြောနိုင်ခဲ့ပေမယ့်
ငါချစ်ခဲ့တာတော့ သေချာတယ်
အဲဒီ့နေ့
ချစ်သူကိုချစ်တဲ့အကြောင်းပြောပြီး
နောက်ဆုတ်ပေးခဲ့တဲ့နေ့
ဇန်န၀ါရီခေါက်ရိုးကျိုးတဲ့နေ့မှာ
ထုံးစံမဟုတ်ဘဲ နေကြတ်နေခဲ့တယ်။။
မိုးတိမ်ကဗျာ
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။