ပြန်ဆုံနိုင်အုံးမှာလား..............
ဒီမေးခွန်းကို မေးမိတိုင်း
ရင်ထဲမချိအောင်နာတယ်........။
အနားမှာ နင်မရှိတော့တဲ့ နောက်ပိုင်း
အထီးကျန်စိတ်နဲ့
တစ်ယောက်ထဲ ပေတေ
လမ်းပေါ်မှာပဲ ငါနေပျော်တယ်............။
အချိန်ကြာလာရင်
မေ့သွားမှာပါလို့ နင်ပါးစပ်ကပြောခဲ့တာ
နင့်အတွက်တော့ မှန်နေပေမယ့်
စောင့်နေရတာကို မုန်းတတ်တဲ့
ငါလိုကောင်အတွက်
အလူးလူးအလိမ့်လိမ့်ပေါ့........
သွေးအေးအေးနဲ့ စက္ကန့်မလပ်
ထိုးနှက်နေတဲ့ ကုန်ခဲလွန်းတဲ့
အချိန်တွေကို မုန်းတယ်
နောက်ပြီး
ရေးချင်သလိုရေးထားတဲ့ နင့်ဇာတ်ညွှန်းထဲမှာ
အလဲလဲကွဲကွဲနဲ့ ငနုံတစ်ကောင်လို
ဝင်သရုပ်ဆောင်ခဲ့တဲ့
ငါ့ကိုယ်ငါလဲ မုန်းတယ်..........................။
ချယ်လှယ်ချင်သလိုချယ်လှယ်ပြီး
အချစ်ကို အရုပ်တစ်ရုပ်လို
ဆော့ကစားနိုင်တဲ့ နင့်ကို
ဘယ်လိုစာသားနဲ့ခိုင်းနှိုင်းရမလဲဆိုတာ
သိတဲ့တစ်နေ့မှာ
ဒီမှတ်စုကို ငါထပ်ရေးမယ်
ငနုံတစ်ယောက်ရဲ့ မှတ်စု(၂)ပေါ့.....................။
မိုးတိမ်ကဗျာ
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။