အသည်းကွဲ သံစဉ်တွေနဲ့
ဘ၀ကို ဖြေသိမ့်နေတဲ့သူ.........
ကာရန်မဲ့ညမှာ နှင်းဆီရောင်
အိမ်မက်တွေကို ကယောင်ကတမ်း
စွဲလမ်းနေတဲ့သူ.....................
အစိတ်စိတ်အမွှာမွှာ ကြေမွနေတဲ့
နှလုံးသား အစုတ်အပဲ့ကို သယ်ဆောင်ရင်း
ရင်ခုန်သံမဲ့ နေထိုင်ခြင်းကို
နှစ်သက်နေတဲ့သူ......................
ကြေကွဲခြင်းရလဒ်ကို
ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုင်ဆိုင်သူများစာရင်းမှာ
ထိပ်ဆုံးမှ ဖော်ပြခံရသူ............
မာယာမုဆိုးရဲ့ ထောင်ချောက်ကို
သိသိကြီးနဲ့ဝင်တိုးပြီး
သားကောင်အဖြစ် လည်စင်းခံလိုက်သူ.............
ချစ်တဲ့သူတစ်ယောက်အတွက်
ဘယ်အရာကိုမဆို စွန့်လွှတ်ဖို့
နောက်မတွန့်သူ.........................
တမ်းတခြင်းမိုးရေစက်တွေ
တစ်နှစ်ပတ်လုံးရွာနေတဲ့ အချစ်မြို့ဟောင်းမှာ
ထာဝရနေထိုင်ခွင့် ဗီဇာလက်ကိုင်ထားတဲ့သူ
ဒီလူဟာ....ငါသာဖြစ်ခဲ့ရင်
နင်ရောက်တဲ့နေရာမှ ငါ့ဆီကို
အမြန်ပြန်လာခဲ့ပါ ဒီထက်ပိုပြီး
အခြေအနေမဆိုးခင်ပေါ့..............................။ ။
မိုးတိမ်ကဗျာ
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။