ငါပြောတဲ့ စကားအတိုင်း
အမြဲ လိုက်လျောပေးတတ်တဲ့
ကောင်မလေး.......................
ငါ့စိတ်ကူးတွေထဲက
ဘုရင်မတစ်ပါးနေရာမှာ
အမြဲနေတတ်တဲ့
ကောင်မလေး.......................
ချစ်ပါတယ်လို့ ပြောဖို့
အလွန်တရာ ၀န်လေးနေသူ
အလွယ်မချစ်တတ်ကို
နားလည်ပေးပါလို့ဆင်ခြေတစ်ခုနဲ့
ငါ့ချစ်ခြင်းတွေကို တားဆီးပိတ်ပင်သူ
ယုတ္တိမရှိပေမဲ့ အတိတ်က
ရွှေရောင်နေ့တွေဆီ
တစ်ခေါက်လောက်ပြန်သွားချင်နေခဲ့တာ
ငါ့ရဲ့အိမ်မက်......
ဖြစ်နိုင်မယ်ဆို နင့်ရဲ့လက်တစ်စုံကို
နောက်ထပ် တွဲချင်နေသေးတာ
ငါ့ရဲ့အိမ်မက်......................
တစ်ဦးတည်းသော ချစ်သူအဖြစ်
နင့်ရဲ့ဘေးမှာ ထာဝရရှိနေချင်နေတာက
ငါ့ရဲ့ မျှော်လင့်ချက်တစ်ခုပါ ကောင်မလေး.....................။
မိုးတိမ်ကဗျာ
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။