Tuesday, September 7, 2010

နောက်ဆုံး(သို့)အကောင်းဆုံး လက်ဆောင်

နဘေးမှာ
တတ်ဆိတ်မှုလွှမ်းခြုံထားတဲ့
မြို့တစ်မြို့ နဲ့
ကဗျာရေးစပ်ဖို့ ကလောင်တံတစ်ချောင်း
ရှေ့တည့်တည့်က စာရွက်တစ်ရွက်ရဲ့
မျက်နှာပေါ်ကို
ခံစားနေရတဲ့ ဝေဒနာတစ်ချို့ရေးချ............

အတိတ်မှာ မြုပ်နှံပစ်ထားသော
အချစ်ရုပ်ကြွင်းကို တူးဆွမိတိုင်း
တူးဆွလိုက်တိုင်း.............

မွန်းကြပ်လိုက်တာ
ပတ်ဝန်းကျင်က လေထုဘယ်များလွင့်သွားသလဲ.............။

ငါ့ဘဝ
ငါ့အချစ်
ငါမြတ်နိုးတမ်းတတဲ့
မိန်းကလေးကိုမှ ရွေးခေါ်သွားရက်တဲ့
ကံကြမ္မာကို ငါစိတ်နာတယ်............................။

အဲဒီ့နေ့
မိုးသားတွေ ရစ်ဝဲ
ကောင်းကင်တော်က ကြွေကျသော
မိုးစက်တွေက လွမ်းသူ့ပန်းခွေတဲ့..............။

“ငါထွက်သွားရင် နင်မငိုရဘူးနော်”
နင်ရဲ့နောက်ဆုံးစကားတစ်ခွန်း
နင်စိတ်ချမ်းသာဖို့အတွက်
ငါဘယ်တော့မှ မငိုပါဘူး စိတ်ချပါဟာ..........

ပါးပြင်ပေါ်တလိမ့်လိမ့် စီးဆင်းနေတဲ့
ရေစီးကြောင်းတွေ
ငါငိုနေတာမဟုတ်ပါဘူး
ကံကြမ္မာက လက်ဆောင်ပေးတဲ့မိုးရေတွေ စီးကျနေတာပါ
ငါပေးခဲ့တဲ့ ကတိကိုတည်ချင်ပေမယ့်
ဘယ်လိုမှ ထိန်းမရခဲ့ဘူးဟာ..............။

နင်ထွက်သွားလို့
ရင်တစ်ခုလုံးကွဲကြေရပေမယ့်
နင်ပေးခဲ့တဲ့ အမှတ်ရစရာတွေကိုပဲ
ငါတွေးနေမှာပါ ဘ၀တစ်ခုစာအတွက်ပေါ့.........................။

မိုးတိမ်ကဗျာ

No comments:

Post a Comment

ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။