Sunday, September 5, 2010

ကေသာထက်မှာ ပန်ဆင်ပါမေ

မျှော်တော်ဇောနဲ့မမောရအောင်
ချစ်သူရေ
အမြန်သာ ပြန်လာခဲ့ကွာ......။

ဟိုငေးဒီငေးနဲ့
အဓိပတိလမ်းပေါ်
ငါအခုလျှောက်နေပေမယ့်
အရင်တစ်ခေါက်ကလို
ငါ့ဘေးနားမှာ နင်မရှိခဲ့ဘူးနော်.............။

ခရေတွေ ဖွေးနေအောင်
မြေပြင်အနှံ့လွင့်ကျဲနေပေမယ့်
ကောက်ယူကာ မနမ်းရှိုက်ချင်တော့ဘူး
တယုတယ ပန်ဆင်ကာထားတတ်တဲ့
ချစ်သူမှ မရှိတော့ပဲလေ.................။

မိုးတိမ်ကဗျာ


အဓိပတိလမ်းပေါ်တစ်ခေါက်ရောက်ခဲ့စဉ်က တွေးမိတာလေးပါ။အမြဲမရောက်ပေမယ့် ဒီလမ်းပေါ်မှာ တစ်ခါက ချစ်သူတွေ လက်တွဲလျှောက်ဖူးခဲ့ကြ။သူငယ်ချင်းအချင်း စနောက်ကြရင်း ကျောင်းတက်ခဲ့ကြသော နောင်တော် ကျောင်းသားများကို အားကျတယ်ဗျာ....။ကျွန်တော်ကတော့ ဒီအဓိပတိလမ်းပေါ်မှာပဲ မိန်းကလေးတစ်ယောက်ကြောင့် မျှော်လင့်ချက်တစ်ခုထားခဲ့ဖူးတယ်။သူ့ကြောင့်ပဲ အိမ်မက်တစ်ခု ပျက်ခဲ့ဖူးတယ်..။ ကျွှန်တော်ခံစားရတာတွေကို သူမှသိပါလေစ။။။

No comments:

Post a Comment

ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။