Sunday, September 5, 2010

ရုပ်ကြွင်း

အချိန်ဒီရေအောက်မှာ
ငါ့နှလုံးသား တိုက်စားခံနေရပေမယ့်
နင်ချန်ရစ်ခဲ့တဲ့ ချစ်ခြင်းနဲ့လွမ်းဆွတ်ခြင်း
ဒဏ်ရာတွေကတော့ ကျန်ရှိနေသေးတယ်...။

မေ့မေ့ပျောက်ပျောက်ဖြစ်အောင်
ကြိုးစားရှင်သန်နေပေမယ့်
တစ်ခါတစ်ခါ သတိရရင်
အမှတ်တရ အချို့ကိုပြန်တူးဆွ
ရုတ်တရက်အဝေးကို ထွက်သွားတာတောင်မှ
နင့်ပုံရိပ်တွေဟာ ရုပ်ကြွင်းအဖြစ်နဲ့
ငါ့ဘ၀ထဲမှာ ထာဝရတည်ရှိနေမှာပါ............။


မိုးတိမ်ကဗျာ

No comments:

Post a Comment

ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။