Sunday, September 5, 2010

ငါ့အကြောင်း

ဟိုဒီကိုလည်း စိတ်မများခဲ့ဘူး
မင်းကို စတွေ့ခဲ့တဲ့
ဧပြီမနက်ခင်းတစ်ခုကတည်းကပါ
ကောင်မလေး.......................။

ဝေးနေရင်လည်းစိတ်က မင်းဆီကိုပဲ
ရောက်ရောက်နေခဲ့တော့
ထိန်းချုပ်ဖို့လဲ မကြိုးစားတော့ဘူး
အရမ်းကို ပင်ပန်းလွန်းလှပါတယ်
ကောင်မလေး.......................။

အင်တာနက်ပေါ်ရောက်တဲ့ အခါတိုင်းမှာ
GTalk ထဲက မင်းနာမည်
Offline ဖြစ်နေတာကိုမြင်ရင်
ငါ့ရင်ထဲ ဟာနေတတ်ခဲ့တာ
မင်းသိဖို့ကောင်းပါတယ်
ကောင်မလေး..........................။

ငါတို့အမြဲတွေ့ဖြစ်ကြတဲ့
J'Donut ဆိုင်မှာထိုင်တိုင်း
မင်းမရောက်လာသေးရင်
ရင်ခုန်စွာနဲ့ ကော်ဖီတစ်ခွက်ကိုသောက်
ဘာကြောင့်မှန်းမသိ
မင်းရောက်လာတဲ့အချိန်တိုင်း
နွေးထွေးမှု ခံစားချက်ကို
ငါခံစားမိခဲ့တယ်
ကောင်မလေး............................။

ကွန်ပျူတာ ခလုတ်တွေကိုနှိပ်တိုင်း
မင်းအကြောင်း ကဗျာတွေပဲ
ငါ့လက်က ရိုက်သွင်း
မေးလ်ပို့တိုင်း လွယ်အောင်
မင်းနာမည်ကို Label ထိုး
မင်းနဲ့ ပတ်သက်သမျှစာတွေဆို
ငါ အမြဲသိမ်းထားတတ်ခဲ့တယ်
ကောင်မလေး...............................။

မင်းရဲ့ခံစားချက်တစ်ပိုင်းတစ်စကို
ငါကြိုတင်သိလို့ရရင် အကောင်းဆုံးပေါ့
အခုတော့
မရေရာတဲ့ မျှော်လင့်ချက်မှုန်ဝါးဝါးနဲ့
အိမ်မက်ဆိုးက လှန့်နိုး
မရောက်လာသေးတဲ့
စက်တင်ဘာတေးကို
ငါစောင့်နေခဲ့တယ်.............................။

မိုးတိမ်ကဗျာ

No comments:

Post a Comment

ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။