Sunday, September 5, 2010

စိတ်ကိုပိုင်စိုးသူ

အချိန်တိုင်း သတိ၇နေလို့
ညနေစောင်းပြီဆို
အသက်ရူရပ်မတတ် ရင်မောစွာနဲ့
ဖုန်းခလုတ်တွေကို ကောက်ကာနှိပ်
အမြဲတမ်းလိုလို နင်မရှိတာနဲ့ပဲ ကြုံခဲ့ရတယ်.............။

ဘယ်လိုမှ ခန့်မှန်းမရနိုင်တဲ့
မျက်ဝန်းတစ်စုံ နောက်ကွယ်က
စိတ်ကိုနားလည်တတ်လာအောင်
ကြိုးစားခဲ့ဖူးပေမယ့်
အပြုံးချိုချိုရဲ့အောက်မှာ
ကစဉ့်ကလျားဖြစ်ကျန်နေခဲ့တဲ့
ငါ့ရဲ့စိတ်ကိုပဲ
သူအမြဲပိုင်စိုးသွားခဲ့တာပဲလေ...........................။


မိုးတိမ်ကဗျာ

No comments:

Post a Comment

ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။