ဆောင်းအကုန် နွေအကူး
ကုမ်ရာသီခွင်မှာ မွေးဖွားခဲ့သူ....
အခုဆို
နွေ၊မိုး၊ဆောင်းကို
အကြိမ်(၂၀)တိုင် နင်းဖြတ်ခဲ့လေသူ။
ပျော်ရွင်မှုတွေ
သတိရတမ်းတခြင်းတွေ
တစ်ခါတစ်လေ ၀မ်းနည်းခြင်းတွေနဲ့
ကြံ့ကြံ့ခိုင် လှမ်းနိုင်ခဲ့တဲ့ ခြေလှမ်း(၂၀)
ပြန်တွေးကြည့်ရင် ခဏလေးလိုပဲ....။
အဲ့ဒီခြေလှမ်းတွေမျိုး
နောက်လှမ်းမဲ့ ခြေလှမ်းတိုင်းမှာ
ဝမ်းနည်းတာတွေကို ဂရုမထား
စိတ်အားငယ်ခြင်းကို မတွေးပဲ
ပျော်ရွင်မှုကို ထာဝစဉ်သယ်ပိုးပြီး
အောင်မြင်တယ်ဆိုတာ ဒီလိုမျိုးလားဆိုပြီး
လောကမာယာတောထဲမှာ
အမြဲလက်မထောင်နိုင်ပါစေ...........။
သေချာပါတယ်
သူအမြဲလက်မထောင်နိုင်မှာပါလေ။။။။။
မွေးနေ့လက်ဆောင်ဘာပေးရင်ကောင်းမလဲလို့စဉ်းစားရင်းနဲ့နောက်ဆုံး ဒီကဗျာလေးကိုရေးဖြစ်ခဲ့တယ်။
သူများမွေးနေ့ကဗျာတွေလိုအ၇မ်းကောင်းအောင် မရေးတတ်တာကိုတော့ ခွင့်လွှတ်နော်။တစ်ခါမှ ဒီလိုမွေးနေ့ကဗျာ မရေးဖူးဘူး။ပထမဆုံးကဗျာမို့လို့အမှားပါရင် သည်းခံပေးပါ။အစ်ကို့ကို နားလည်ပေးတတ်တဲ့ online ပေါ်က သူငယ်ချင်းမလေး ဇင်မာဝင်း နောက်မွေးနေ့တိုင်းမှာ ပျော်ပျော်ရွင်ရွင်နဲ့ဖြတ်သန်းနိုင်ပါစေလို့ ပြန်ဆုတောင်းပေးလိုက်ပါတယ်ကွယ်။။။။။။။
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။