အလွမ်းနဲ့ချုပ်ထားတဲ့ နှလုံးသားထဲမှာ
ရှင်သန်ခြင်း ရောင်ခြည် တစွန်းတစတောင်
မမြင်နိုင်ခဲ့ဘူး......................။
အမှတ်တမဲ့ မွေးခဲ့မိတဲ့
အချစ်မီးတစ်စက
ရင်တစ်ခုလုံး ပြာကျသွားတာတောင်
မရပ်တန့်နိုင်သေးပဲ
လက်ကျန်နှလုံးသွေး တစ်စက်ထိ
တငွေ့ငွေ့လောင်မြိုက်နေဆဲ.................။
ငိုချင်းဖြင့် ရွှေနားတော်သွင်း
တမ်းတမှုတွေကို ဂရုမထားဘဲ
ထွက်သွားရက်တဲ့ နတ်ဆိုးမလေးရေ
ငါနင့်ကို အရမ်းလွမ်းနေတုန်းပဲဟာ............။
မိုးတိမ်ကဗျာ
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။