ကောင်းကင်နတ်သမီးရေ
ချစ်ခြင်း၏ တမန်တော်ကို
ငါ့ဆီ စေလွှတ်ပေးပါ
သည်မိန်းကလေးကို
ငါ...ဘယ်လောက်ထိချစ်တယ်ဆိုတာ
အမှာတော်ပါးလိုက်ချင်တယ်.............။
ငါတို့ရဲ့ သံယောဇဉ်ဖတ်စာ အခန်း(၁)
နောက်တစ်ခန်းတက်ဖို့ စာရွက်အလှန်....
အကြည့်စိမ်းတွေရဲ့ ထိုးနှက်မှုကို
ရင်မဆိုင်နိုင်လို့
ငါ့လက်ကိုဖြုတ်ချ
ဘာတွေဖြစ်လာမလဲဆိုတာ
အဲဒီအချိန်တုန်းက မတွေးနိုင်ပေမယ့်
သေချာသိလိုက်ရတာတစ်ခုက
နင့်အတွက် ငါ့နှလုံးသားတစ်ခုလုံး
ပုံအပ်ထားခဲ့တာပါ...................................။
မိုးတိမ်ကဗျာ
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။