ချစ်သူရေ...................
ကိုယ်တို့တွေ ချိန်းတွေ့စကားပြောခဲ့ကြတဲ့
GTalk ပေါ်မှာ မင်းနာမည်
Offline ဖြစ်နေခဲ့တာ ကြာခဲ့ပြီနော်.................။
ကိုယ်တို့ချစ်ခဲ့ကြတဲ့ အချိန်တုန်းက
မင်းရဲ့နှလုံးသားဝက်ဘ်ဆိုက်ပေါ်မှာ
ကိုယ်ဖွဲ့သီထားတဲ့ အချစ်ကဗျာတွေအတွက်
Blog တစ်မျက်နှာ ရေးခွင့်ပေးခဲ့တယ်လေ..............။
မင်းရဲ့ နှုတ်ခမ်းပါးပါးကို ထာဝရနမ်းရှိုက်ခွင့်ရဖို့
Free Account မပေးနိုင်ဘူးဆိုလို့
မေတ္တာတန်ဖိုး ၁၅၀၀ နဲ့ Register လုပ်ခဲ့ရတယ်လေ...............။
အခုတော့လည်း ဒါတွေက ပုံပြင်တွေလိုပါပဲ
ချစ်သူရဲ့ အမေဒေါ် Server ရဲ့
ရက်စက်လှတဲ့ ပိတ်ပင်ချက်
Access Denied ဆိုတဲ့စာသားတွေက
တို့ရဲ့ချစ်သက်သေ ၀က်ဘ်ဆိုက်ကို
Sign In လုပ်ဖို့ကြိုးစားတိုင်း
ကိုယ့်ကိုရင်မောစေခဲ့တာ ခဏခဏပေါ့..............။
ကိုယ်တို့ရဲ့ အောင်သွယ်တော်
Ultra Surf ကိုအကူအညီတောင်းကြည့်ပေမယ့်လဲ
အကျိုးမထူးခဲ့ပါဘူး....................................။
တို့ရဲ့အချစ် Connection ကောင်းလာစေဖို့
ဗေဒင်ဆရာကြီး Mr. MyFreedom ဆီကို
ကိုယ်သွားခဲ့တာကို ချစ်သူသိစေချင်တယ်................။
ဒါပေမယ့်လည်းလေ
သူပေးတဲ့ ယတြာ
Freegate လဲမစွမ်းနိုင်တော့ဘူးထင်ပါရဲ့၊
ဒေါ်ဒေါ် Server ရဲ့ mail ကသက်သေပေါ့
“နောက်တစ်ခါ ငါ့သမီးရဲ့ နှလုံးသား Pages ကို
Hack လုပ်ဖို့ကြိုးစားရင် Cyber Crime ပုဒ်မနဲ့ အရေးယူရလိမ့်မယ်”တဲ့..............။
သို့သော်ငြားလည်း
စိတ်ဓာတ်မကျစေချင်ဘူးချစ်သူ
ကိုယ်ကြိုးစားပမ်းစားတူးထားတဲ့
Gtunnel ထဲမှာပဲ ကိုယ်တို့ရဲ့
အချစ် Network ကိုတည်ဆောက်ကြတာပေါ့
အဲဒီ့နေရာမှာ Virues တွေ၊Malware တွေ၊
တို့ကိုအနှောက်အယှက်ပေးမယ့် Spyware တွေလဲမရှိရလေအောင်
ကိုယ် Kaspersky ကို Licence Version ၀ယ်သုံးထားတယ်
အချစ်ဆုံးမင်းလေး
စိတ်ချမ်းသာစွာ နေထိုင်နိုင်အောင်လို့.................................................။
မိုးတိမ်ကဗျာ
မှတ်ချက် ။ ။အပြောင်အပျက်သဘောလေးနဲ့ရေထားတာပါ။အမှားပါတာရှိရင်
ခွင့်လွတ်စေချင်ပါတယ်။

No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။