Sunday, July 19, 2009

အနက်ဖွင့်ဆိုချက်

မနက်ဖြန်
သင်သည် အမည်နာမအားဖြင့် တနင်္လာ လို့ပဲခေါ်ခေါ် ၊ ရက်ရာဇာ ၊ ပြဿဒါးလို့ပဲပြောပြောဂရုမစိုက်တော့ ၊ ချစ်သူ နှင့် တွေ့ခွင့်ရသော ရက်များသည် ကျွန်ုပ်အတွက် ကောင်းသောရက်ရာဇာများသာဖြစ်ကြကုန်၏ ။
ဤသို့ဆိုလျှင် ကျွန်ုပ်သည်အတ္တကြီးသူတစ်ယောက်ဖြစ်၏။ ။

အတိတ်
အများက သင့်အားအရေးပါသည်ဖြစ်စေ ၊ အရေးမပါသည်ဖြစ်စေ ၊ အတိတ်ကိုအရိပ်လို စွဲပြီးသွားလေရာခေါ်မသွားသင့်ဘူးပဲပြောပြောအလေးမထားတော့၊ ချစ်သူအလည်လာခဲ့သော ကျွနုပ်၏အတိတ်သည် ထပ်ခါတလဲလဲပြန်မက်ခွင့်ရှိသော အိပ်မက်အဖြစ်သဘောထား၏။ထိုအရာအားမည်သည့်အရာနဲ့မှမလဲနိုင် ၊
တန်ဖိုးမသိနိုင်သော တန်ဖိုးအဖြစ် မှတ်ယူ၏ ။ ဤသို့ဆိုလျှင် ကျွန်ုပ်သည် လောဘကြီးသူတစ်ယောက်ဖြစ်၏ ။

အနာဂါတ်
ကောင်းသော အနာဂါတ်ကိုသာ လှိုက်လှဲစွာကြိုဆိုကြ၏ ။တကယ်တော့ အနာဂါတ်သည် ရောက်လာမည့် အတိတ်ဖြစ်သည်ဆိုလျှင် မှားအံ့လော ။ ချစ်သူမရှိသောနေရာသည် ကျွန်ုပ်အတွက် အဓိပ္ပယ်မရှိ။
ထို့ကြောင့် သင့်အားကျွန်ုပ်မကြိုဆို။ ချစ်သူနေထိုင်သော အတိတ်သာလျှင်ကျွန်ုပ်၏ အနာဂါတ်ဖြစ်သည်။ထိုနေရာတွင်သာ ကျွန်ုပ်၏ ရှင်သန်ခြင်းများကို မြုပ်နှံပစ်ခဲ့၏ ။ ဤသို့ဆိုလျှင် ကျွန်ုပ်သည် အနာဂတ်မဲ့နေသော အရူးတစ်ယောက်ဖြစ်၏ ။

ချစ်သူ
သင့်အတွက် သုံးလိုရာသုံးနိုင်စေရန် ကျွန်ုပ်၏ ဦးနှောက်အား သံယောဇဉ်ဖြင့် တုတ်နှောင်ထားခဲ့သည်။
ဂလန်ဂဆန် မလုပ်နိုင်စေရန်ရည်ရွယ်၏ ။သင့်ဆီသို့ နှလုံးသား သက်သက်ဖြင့်သာလာ၏။ ထိုနှလုံးသားထဲတွင် တစ်ခုတည်းသော
အရာသာရှိ၏ ။ဤအရာကို အများက အချစ်ဟု လက်ခံထားကြကုန်၏ ။ဤသို့ဆိုလျှင် ကျွန်ုပ်သည် သင့်အားချစ်သော
ခံစားချက်ကိုသာ ပိုင်ဆိုင်သူဖြစ်သည်။ထို့ကြောင့် ကျွန်ုပ်အား ချစ်တတ်သူ တစ်ယောက်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်၏ ။
မိုးတိမ်ကဗျာ

မှတ်ချက်။။ ကျေးဇူးပြုပြီး ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။