Sunday, July 19, 2009

ကိုယ်ချင်းစာတတ်ပါစေ

ဟိုတစ်နေ့ ကတွေ့လိုက်ရတဲ့
သက်တံ့လေးတစ်ခု
ဘယ်လောက်လှသလဲဆိုတာ
မင်းသိအောင် ပြောပြချင်ပါရဲ့.....

ကြွေခါနီး သစ်ရွက်တစ်ရွက်ရဲ့
နောက်ဆုံးအသက်ရူသံ
ဘယ်လောက်ကြေကွဲစရာ ကောင်းလဲဆိုတာ
မင်းသိအောင် ပြောချင်ပါရဲ့.....

ညဘက် တွေဆို မအိပ်နိုင်
အိမ်မက်ထဲက မင်းမျက်လုံးတွေကို
ရင်မဆိုင်ရဲတဲ့ အသည်းကွဲသမားရဲ့
ငိုကြွေးသံ မင်းခံစားတတ်လာအောင်
သင်ပေးချင်ပါရဲ့......

နှလုံးတစ်ချက်ခုန်တိုင်း
မင်းနာမည်ကို တစ်ခါတမ်းတနေတဲ့
ငါ့ရဲ့အဖြစ်ကို မင်းကိုယ်ချင်းစာတတ်လာအောင်
ပြောပြချင်သေးတယ်......ချစ်သူ။ ။

မိုးတိမ်ကဗျာ

ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

No comments:

Post a Comment

ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။