ချစ်သူရေ....
နင်နဲ့ မတွေ့ရတဲ့နေ့တွေကို
ငါအသေအလဲ ကြိုးစားပြီးနေနေခဲ့ရတယ်...............။
ကြယ်ကြွေမြင်ရင်
ဆုတောင်းတိုင်းပြည့် လိမ့်မယ်ထင်လို့
ညဘက်တွေဆို
ကောင်ကင်ကို မော့ကြည့်ပြီး
ကြယ်ကြွေတာကို စောင့်ကြည့်နေတတ်ခဲ့တယ်............။
ငါ့အဖြစ်က နာရီတစ်လုံးလိုပါပဲ
နင်မချစ်နိုင်မှန်း ကြိုသိနေခဲ့ပေမယ့်
ငါရှေ့ဆက်တိုးနေခဲ့တယ်
နာရီဆိုတာ
ဘယ်လောက်ပဲ မှားမှားမှန်မှန်
ရှေ့ကိုပဲသွားရတာပဲလေ......................................။
မိုးတိမ်ကဗျာ
ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။