Sunday, July 19, 2009

ရှင်သန်ခြင်း

ငါ့ပြတိုက်ထဲမှာ
နင့်ပုံတူ အရုပ်တစ်ရုပ်
နှလုံးသားနံရံပေါ်မှာ ထုဆစ်ထားတယ်
ရင်ခုန်သံမရပ်သရွေ့ တည်ရှိနေအောင်လို့......။

ငါ့အမြင်လွှာပေါ်မှာ
နင့်ရုပ်ပုံကို မင်ကြောင်ထိုးထားတယ်
သတိရတိုင်း မြင်နိုင်အောင်လို့................။

ငါ့ခြေထောက်တွေရဲ့
ဦးတည်ရာအဖြစ်
နင်ရှိရာ အရပ်ကိုပဲသွားဖို့
ဦးနှောက်က အဆက်မပြတ်ခိုင်းစေနေတယ်
ငါ့ရှင်သန်ခြင်းတွေ မရပ်တန့်သွားအောင်လို့ပေါ့.................။

မိုးတိမ်ကဗျာ

ကျွှန်တော့် post များကို အခြားနေရာများတွင် ဖော်ပြလိုပါက
အကြောင်းလေးတော့ ကြားပေးပါ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

No comments:

Post a Comment

ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။