Wednesday, November 10, 2010

ကျောင်းအမှတ်တရ

တို့ ၅နှစ်တာ ပညသင်
ဆုံစည်းခဲ့ကြပေမယ့်
တစ်ရက်ထဲနဲ့ ခွဲခွာကြရတော့မယ်.......။

ကျောင်းမိန်းပေါက်ဝ အောက်က
ကျောင်းသားအဖြစ်နဲ့နောက်တစ်ခါ
ဖြတ်လျှောက်ခွင့် မရှိတော့ဘူး.............။

စာမေးပွဲ အခန်းထဲဝင်ခါနီး
မဖြေနိုင်မှာစိုးပြီး
ရင်မောနေတတ်တဲ့ ခံစားချက်လည်း
နောက်တစ်ခါ မရနိုင်တော့ဘူး...................။

အတူတူ ပုခုံးဖက်
ထမင်းအတူစား
ကျောင်းအတူပြေးကြတဲ့
သူငယ်ချင်းတွေလည်း
နောက်ဆို တစ်ယောက်တစ်နေရာနဲ့
ရေမြေခြားဒေသမှာ ဘ၀တက်လမ်းအတွက်
ရုန်းကန်လှုပ်ရှားရင်း
တစ်ချိန်က အတူတူရှိခဲ့ဖူးတဲ့
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကြီးရဲ့
ကျောင်းသားဘ၀ကို အမှတ်ရနေကြမှာပါ
ငါလည်းအမှတ်ရနေမှာပါ
နင်လည်းသတိရနေအုံးမှာပါ
အချင်းချင်းပြန်ဆုံတိုင်းလည်း
ဒီအကြောင်းကို မရိုးနိုင်အောင် ပြန်ပြောနေကြမှာပါ....။

သေချာပါတယ် ကျောင်းတော်သားဘဝ
အမှတ်ရစရာတွေက
ငါတို့နှလုံးသား တစ်နေရာမှာ
သက်ဆုံးတိုင် တည်မှီနေမှာပါ.............

ငါတို့ကျောခိုင်း နှုတ်ဆက်ခဲ့တဲ့
ကျောင်းတော်ကြီးအတွက်
ဒီကဗျာ တစ်ပုဒ်နဲ့
ငါတတ်နိုင်သလောက် ဂုဏ်ပြုခဲ့ပါရစေကွာ......................။

မှတ်ချက်။ ။ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပညာသင်နှစ် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ သူငယ်ချင်းများအတွက် အမှတ်တရ ရေးသားပါသည်
မိုးတိမ်ကဗျာ

No comments:

Post a Comment

ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။