အချစ်တစ်ခုအတွက်နဲ့
အိမ်မက်တွေကို အကြိမ်ကြိမ်ရောင်းစားမိ
ငါ့ မိန်းကလေးက
အိမ်မက်အ၀ယ်တော်................။
ဆုတောင်းတိုင်း အလိုပြည့်အောင်
ကြံဖန်ပေးသော
ငါ့ ကောင်မလေးသည်
နတ်သမီးတစ်ပါး.....။
အခွင့်မပြုပဲ သူ့အချစ်ကို
တစ်ခြားလူထံ ကြိုက်ဈေးခေါ်ရောင်းစား
သူဟာ
ငွေအလွန်မက်သော ဈေးသည်လား.....။
မိုးတိမ်ကဗျာ
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။