Wednesday, November 10, 2010

ဆုမွန်လွှာ

အို...ကြိုးကြာတို့
သင်တို့ အားမာန်အပြည့်နဲ့
မိုင်ထောင်ချီ ခရီးအပြင်းနှင်တဲ့အခါ
လောကလူထုအတွက်
ကောင်းချီးတစ်ခုပေးခဲ့ပါ......။

အချင်း ဖီးနစ်တို့
သေချင်းမှ ပြန်လည် ရှင်သန်တဲ့ အခိုက်မှာ
အကျွှန့်ကိုယ်စား လောကအတွက်
ဆုမွန်တစ်ခု တောင်းခဲ့ပေးပါ............။

ပင်ပန်းခြင်း နဲ့ဆင်းရဲခြင်း
နွမ်းလျခြင်းတို့ မွတ်သိပ်နေသော
ဒီဘုံဘ၀တစ်ခုမှာ
ခံစားမှု အချိုးချကြည့်ရင်
အဆိုးဘက်တစ်ဖက်ကို တစ်ဖက်စောင်းနင်း
ကျနေသော လောကလူထုအတွက်
တတ်နိုင်သလောက် ဖေးမကူ၍
အားပေးနှစ်သိမ့်မှုပေးနိုင်ပါစေ....။

မိုးတိမ်ကဗျာ

No comments:

Post a Comment

ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။