အလွမ်းနဲ့ စာစီကုံးထားတဲ့
ကဗျာတစ်ပုဒ်ကို ဖတ်ရတာ
ကောင်းတယ်လို့ နင်အမြဲပြောဖူးတယ်.။
နင်ချန်ထားခဲ့သော
အလွမ်းအစုတ်အပြတ်တွေနဲ့
လက်ကျန်ဘ၀ကို ချိနဲ့နဲ့ လှမ်းလျှောက်နေရတဲ့
ငါ့ကိုကျတော့ နင်မသနားခဲ့ဖူးနော်...........။
နင့်လုပ်ရပ်တွေ မှန်ကန်ပါတယ်
ငါဆိုတဲ့ အပေအတေတစ်ယောက်မှာ
ကဗျာတွေပဲထွန်းကားတော့
နင်လိုချင်တဲ့
ရွှေလမ်းခင်း ရွှေနန်းစံဘ၀ကို
ငါကမှ မထားပေးနိုင်တဲ့နောက်
လမ်းခွဲ အဆက်ဖြတ်လိုက်တာ
နင့်ဘ၀အာမခံချက် ကောင်းသွားတာပေါ့..............။
မိုးတိမ်ကဗျာ
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။