ခုနှစ်စင်ကြယ် ကကြိုးနဲ့
အနက်ရောင်ကဗ္ဗလာပေါ်မှာ ကပြဖျော်ဖြေတော့
ထိုညမှာ အိမ်မက်တွေ စိုပြေဖူးတယ်.........။
လမင်းငုတ်တုတ် ငိုက်တဲ့ ည
ဒီည
ကြယ်ရောင်အောက်မှာ ငါနင့်အကြောင်း
ဒီကဗျာတစ်ပုဒ် ဖွဲ့ဆို၍ ဆောင်းခိုငှက်တွေနဲ့အတူ
လမ်းကြုံပါးလိုက်တယ်
ငါ့ကို သတိရရင် အလွမ်းပြေထုတ်ကြည့်ဖို့လေ..........။
ဝိုးတစ်ဝါးနဲ့ အနားတိုးရောက်လာပြီး
အလဲထိုးအနမ်းတစ်ချက်နဲ့
အသည်းတစ်ခြမ်းခွဲခဲ့တဲ့
နတ်ပျိုမရေ နင့်ကို
ဒီတစ်ညတော့ စိတ်ကူးယဉ်ခွင့်ပြုကွယ်။။။။။
မိုးတိမ်ကဗျာ
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။