Wednesday, September 23, 2009

ရှေ့ကိုတိုးမယ်

နားလည်မှုလွဲစေခဲ့တဲ့
အကြောင်းခြင်းရာလေး
တစ်ခုတစ်လေတောင်မရှိခဲ့ပဲ
ချိန်တွေ့ခွင့်အချိန်ခဏလေးကိုတောင်
မပေးချင်ခဲ့တဲ့
ငါ့ရဲ့ကောင်မလေးရေ

အိပ်ပျက်တဲ့ညနက်ထဲမှာ
ငါတစ်ယောက်ထဲ
တ၀ဲလည်လည်နဲ့
ကုစားမရနိုင်တဲ့ ဝေဒနာကဗျာတွေကို
ထိုင်ရေးဖြစ်ခဲ့တယ်ဆိုတာ
နင်သိနိုင်ပေးပါ့မလား.................။

ဘယ်လိုမှ မဝေးနိုင်ရဲဘူး
ငါ့ဘေးမှာနှစ်သိမ့်ပေးပါ
ဆုံမှတ်နှစ်ခုရှိတဲ့လမ်းကို
ငါမှားလျှောက်ခဲ့တယ်ဆိုရင်လဲ
ဒီလမ်း
ဆုံးတဲ့အထိ ငါရှေ့တိုးမှာပဲ
ငါ့ရဲ့ဆုံမှတ်ဟာ နင်ပဲဆိုတာကို
လမ်းဆုံးချိန်ရောက်မှ
သိခဲ့မိရင်
အချိန်လွန်နောင်တတွေ
ရလိုက်မှာစိုးတယ်..................။

မိုးတိမ်ကဗျာ

No comments:

Post a Comment

ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။