ကောင်မလေးရယ်.....
ညတိုင်း အိမ်မက်ဆိုးနဲ့ လန့်နိုး
မိုးလင်းပေါက် ငုတ်တုတ်ထိုင်ရအောင်
ဘယ်လို မှော်အတတ်နဲ့များ
ပြုစားခဲ့တာပါလိမ့်....................။
ငါ့ဘက်က
မာနကို ခ၀ါချပြီး
လှည့်စားခြင်းကင်းတဲ့
တကယ့်အဖြူရောင်အချစ်စစ်နဲ့
ချစ်ခဲ့တာကို
ယုံမှား သံသယတွေနဲ့
မရိုက်ချိုး ပစ်လိုက်ပါနဲ့
အသည်းကွဲတဲ့ ဝေဒနာကို
ခံစားနိုင်တဲ့ နှလုံးသားအပို
ငါ့ဆီမှာ မရှိခဲ့လို့ပါ..........................။
မိုးတိမ်ကဗျာ
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။