ည
သတိရခြင်းတွေဖွင့်ချ
အိမ်မက်ဝိုင်တွေနဲ့ ယစ်မှုး
ရောင်နီဦးကိုတောင် မကြိုဆိုနိုင်ခဲ့ဘူး ။
ည
နတ်ဆိုးတွေ ပျော်မြူးကြ
အလွမ်းမီးတောက်နဲ့ နှလုံးသားကို ကျပ်တင်
ဒါ မာယာအောင်ပွဲခံကျင်းပတဲ့ “ည”
ညတာရှည်လှတဲ့ဆောင်း
အရူးအမှုးလိုနေတဲ့ အလင်းအတွက်
ကိုယ့်ကိုယ်ကို မီးတင်ရှို့
အသွေးအသားတွေ မလောင်မြိုက်သေးခင်
ဥသြရေ
နွေဦးကို အကြိုထောက်ခဲ့ပေးပါ.......................။
မိုးတိမ်ကဗျာ
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။