ဝင်လုဆဲနေမင်း
တောင်စွယ်တွေပေါ်ကို
သူ့နောက်ဆုံးရောင်စဉ်တွေကို
အားသွန်ဖြန့်ကျဲနေလေရဲ့...................။
ဆည်းဆာရောင်ကြီးစိုးတဲ့
ညနေခင်းမှာ
ကောင်မလေးက
သူ့အပြုံးချိုချိုတွေကို
တစ်ချက်ကလေးလှစ်ပြတယ်
ငါ့ကို သနားလို့တဲ့.............။
တွယ်တာမှုတွေ
ပူဆွေးရမှုတွေကြောင့်
အချစ်ဆိုတာကို
ကြောက်လန့်ခဲ့တယ်
ငြိတွယ်လာတဲ့ သံယောဇဉ်အတွက်
ငါ
ပေးဆပ်ရတာ နာကျင်လွန်းပါတယ်
ကောင်မလေး
ဒါပေမယ့်
နင့်ဆီက ရစ်ပတ်လာမယ့်ကြိုးကိုတော့
ငါ......................မျှော်လင့်နေခဲ့တယ်...........။
မိုးတိမ်ကဗျာ
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။