ကောင်မလေးရယ်.....
ညတိုင်း အိမ်မက်ဆိုးနဲ့ လန့်နိုး
မိုးလင်းပေါက် ငုတ်တုတ်ထိုင်ရအောင်
ဘယ်လို မှော်အတတ်နဲ့များ
ပြုစားခဲ့တာပါလိမ့်....................။
ငါ့ဘက်က
မာနကို ခ၀ါချပြီး
လှည့်စားခြင်းကင်းတဲ့
တကယ့်အဖြူရောင်အချစ်စစ်နဲ့
ချစ်ခဲ့တာကို
ယုံမှား သံသယတွေနဲ့
မရိုက်ချိုး ပစ်လိုက်ပါနဲ့
အသည်းကွဲတဲ့ ဝေဒနာကို
ခံစားနိုင်တဲ့ နှလုံးသားအပို
ငါ့ဆီမှာ မရှိခဲ့လို့ပါ..........................။
မိုးတိမ်ကဗျာ
စိတ်ကူမိုးတိမ်ကို ရွက်လွှင့်လို့ ဘယ်ဆီမှာမှန်မသိတဲ့ ကမ်းစပ်ဆီ အားကုန်လှော်ခတ်နေဆဲ ကဗျာတွေက အားဆေးတစ်ခွက်ပါ
Wednesday, September 23, 2009
ငါ့(သို့)ကောင်လေးတစ်ယောက်အကြောင်း
ဟိုဒီကိုလည်း စိတ်မများခဲ့ဘူး
မင်းကို စတွေ့ခဲ့တဲ့
ဧပြီမနက်ခင်းတစ်ခုကတည်းကပါ
ကောင်မလေး.......................။
ဝေးနေရင်လည်းစိတ်က မင်းဆီကိုပဲ
ရောက်ရောက်နေခဲ့တော့
ထိန်းချုပ်ဖို့လဲ မကြိုးစားတော့ဘူး
အရမ်းကို ပင်ပန်းလွန်းလှပါတယ်
ကောင်မလေး.......................။
အင်တာနက်ပေါ်ရောက်တဲ့ အခါတိုင်းမှာ
GTalk ထဲက မင်းနာမည်
Offline ဖြစ်နေတာကိုမြင်ရင်
ငါ့ရင်ထဲ ဟာနေတတ်ခဲ့တာ
မင်းသိဖို့ကောင်းပါတယ်
ကောင်မလေး..........................။
ငါတို့အမြဲတွေ့ဖြစ်ကြတဲ့
J'Donut ဆိုင်မှာထိုင်တိုင်း
မင်းမရောက်လာသေးရင်
ရင်ခုန်စွာနဲ့ ကော်ဖီတစ်ခွက်ကိုသောက်
ဘာကြောင့်မှန်းမသိ
မင်းရောက်လာတဲ့အချိန်တိုင်း
နွေးထွေးမှု ခံစားချက်ကို
ငါခံစားမိခဲ့တယ်
ကောင်မလေး............................။
ကွန်ပျူတာ ခလုတ်တွေကိုနှိပ်တိုင်း
မင်းအကြောင်း ကဗျာတွေပဲ
ငါ့လက်က ရိုက်သွင်း
မေးလ်ပို့တိုင်း လွယ်အောင်
မင်းနာမည်ကို Label ထိုး
မင်းနဲ့ ပတ်သက်သမျှစာတွေဆို
ငါ အမြဲသိမ်းထားတတ်ခဲ့တယ်
ကောင်မလေး...............................။
မင်းရဲ့ခံစားချက်တစ်ပိုင်းတစ်စကို
ငါကြိုတင်သိလို့ရရင် အကောင်းဆုံးပေါ့
အခုတော့
မရေရာတဲ့ မျှော်လင့်ချက်မှုန်ဝါးဝါးနဲ့
အိမ်မက်ဆိုးက လှန့်နိုး
မရောက်လာသေးတဲ့
စက်တင်ဘာတေးကို
ငါစောင့်နေခဲ့တယ်.............................။

ကြောက်ပေမယ့်..........စောင့်နေဆဲပါ
ဝင်လုဆဲနေမင်း
တောင်စွယ်တွေပေါ်ကို
သူ့နောက်ဆုံးရောင်စဉ်တွေကို
အားသွန်ဖြန့်ကျဲနေလေရဲ့...................။
ဆည်းဆာရောင်ကြီးစိုးတဲ့
ညနေခင်းမှာ
ကောင်မလေးက
သူ့အပြုံးချိုချိုတွေကို
တစ်ချက်ကလေးလှစ်ပြတယ်
ငါ့ကို သနားလို့တဲ့.............။
တွယ်တာမှုတွေ
ပူဆွေးရမှုတွေကြောင့်
အချစ်ဆိုတာကို
ကြောက်လန့်ခဲ့တယ်
ငြိတွယ်လာတဲ့ သံယောဇဉ်အတွက်
ငါ
ပေးဆပ်ရတာ နာကျင်လွန်းပါတယ်
ကောင်မလေး
ဒါပေမယ့်
နင့်ဆီက ရစ်ပတ်လာမယ့်ကြိုးကိုတော့
ငါ......................မျှော်လင့်နေခဲ့တယ်...........။

ရှေ့ကိုတိုးမယ်
နားလည်မှုလွဲစေခဲ့တဲ့
အကြောင်းခြင်းရာလေး
တစ်ခုတစ်လေတောင်မရှိခဲ့ပဲ
ချိန်တွေ့ခွင့်အချိန်ခဏလေးကိုတောင်
မပေးချင်ခဲ့တဲ့
ငါ့ရဲ့ကောင်မလေးရေ
အိပ်ပျက်တဲ့ညနက်ထဲမှာ
ငါတစ်ယောက်ထဲ
တ၀ဲလည်လည်နဲ့
ကုစားမရနိုင်တဲ့ ဝေဒနာကဗျာတွေကို
ထိုင်ရေးဖြစ်ခဲ့တယ်ဆိုတာ
နင်သိနိုင်ပေးပါ့မလား.................။
ဘယ်လိုမှ မဝေးနိုင်ရဲဘူး
ငါ့ဘေးမှာနှစ်သိမ့်ပေးပါ
ဆုံမှတ်နှစ်ခုရှိတဲ့လမ်းကို
ငါမှားလျှောက်ခဲ့တယ်ဆိုရင်လဲ
ဒီလမ်း
ဆုံးတဲ့အထိ ငါရှေ့တိုးမှာပဲ
ငါ့ရဲ့ဆုံမှတ်ဟာ နင်ပဲဆိုတာကို
လမ်းဆုံးချိန်ရောက်မှ
သိခဲ့မိရင်
အချိန်လွန်နောင်တတွေ
ရလိုက်မှာစိုးတယ်..................။
မိုးတိမ်ကဗျာ
အကြောင်းခြင်းရာလေး
တစ်ခုတစ်လေတောင်မရှိခဲ့ပဲ
ချိန်တွေ့ခွင့်အချိန်ခဏလေးကိုတောင်
မပေးချင်ခဲ့တဲ့
ငါ့ရဲ့ကောင်မလေးရေ
အိပ်ပျက်တဲ့ညနက်ထဲမှာ
ငါတစ်ယောက်ထဲ
တ၀ဲလည်လည်နဲ့
ကုစားမရနိုင်တဲ့ ဝေဒနာကဗျာတွေကို
ထိုင်ရေးဖြစ်ခဲ့တယ်ဆိုတာ
နင်သိနိုင်ပေးပါ့မလား.................။
ဘယ်လိုမှ မဝေးနိုင်ရဲဘူး
ငါ့ဘေးမှာနှစ်သိမ့်ပေးပါ
ဆုံမှတ်နှစ်ခုရှိတဲ့လမ်းကို
ငါမှားလျှောက်ခဲ့တယ်ဆိုရင်လဲ
ဒီလမ်း
ဆုံးတဲ့အထိ ငါရှေ့တိုးမှာပဲ
ငါ့ရဲ့ဆုံမှတ်ဟာ နင်ပဲဆိုတာကို
လမ်းဆုံးချိန်ရောက်မှ
သိခဲ့မိရင်
အချိန်လွန်နောင်တတွေ
ရလိုက်မှာစိုးတယ်..................။
မိုးတိမ်ကဗျာ
တောင်းဆုတွေပြည့်ပါရစေ
ဘယ်လိုမှ မနေနိုင်ခဲ့ပါဘူး
မင်းအကြောင်းတွေကို မတွေးပဲနဲ့
စာတစ်ပုဒ်ကျက်ပြီးတိုင်း
သတိရကြောင်း ကဗျာတွေ
ရေးဖွဲ့နေမိတယ်............................။
ငါအမြန်သာ လာခဲ့ပါတော့
ငါ့ရင်ခွင်ဆီ
ရှောင်ဖယ်ကာ အဝေးကိုထွက်သွားမယ်ဆို
ဒီရင်မှာ ကမ္ဘာပြိုနေမယ်ဆိုတာ
စိတ်ကူးကြည့်ရုံနဲ့ ကြောက်နေမိတယ်............။
ဟိုအရင်ကတွဲသွားဖူးတဲ့
အချိန်တွေကို ပြန်တွေးကြည့်တိုင်း
ရင်ခုန်သံမြန်နေတုန်းပဲ
တွဲခဲ့ဖူးတဲ့ လက်ဖ၀ါးနုနုပေါ်
ဘ၀တစ်ခုကို ပုံအပ်ကြည့်ချင်ခဲ့တာ
ငါ့ တောင်းဆုပါ ကောင်မလေး..................။

Friday, September 18, 2009
တူတယ်ဆိုပေမယ့်............တကယ်တော့
မိုးတွေ သည်းသည်းမဲမဲရွာပြီဆို
ငါ နင့်ကို သတိရနေမိတယ်
တို့စတွေ့ခဲ့တုန်းကလဲ
ဒီလိုပဲ မိုးတွေသည်းခဲ့တာပဲလေ.......။
နှုတ်ခမ်းပါးပါးနဲ့ ပြုံးပြတတ်တဲ့
နင့် အပြုံးတွေကို ငါလွမ်းနေမိတယ်
ငါနဲ့တွေ့တိုင်း နင်အမြဲပြုံးပြတယ်လေ............။
အမျှော်လင့်ဆုံး မျှော်လင့်ထားတဲ့
အဖြေက အဆိုးဆုံးဖြစ်လာခဲ့မယ်ဆိုရင်လည်း
ငါရင်ဆိုင်နိုင်ဖို့ အသင့်ပါ
ကြိုက်တာ နဲ့ ချစ်တာ မတူဘူးဆိုတာ
ငါ နားလည်နိုင်ပေးပါတယ်.........................။
နင့်ရဲ့စကားတစ်ခွန်းဟာ
ငါ့အတွက်တော့ သိပ်ကိုအရေးကြီးပါတယ်
နာကျင်နေတဲ့ နှလုံးသားကို
နောက်ထပ်ဒဏ်ရာတွေ ထပ်မပေးပါနဲ့တော့
အိမ်မက်ဆိုးတွေကို
ငါ ကြောက်နေမိလို့ပါ............................။

အလင်းမရှိတဲ့ ည
ည
သတိရခြင်းတွေဖွင့်ချ
အိမ်မက်ဝိုင်တွေနဲ့ ယစ်မှုး
ရောင်နီဦးကိုတောင် မကြိုဆိုနိုင်ခဲ့ဘူး ။
ည
နတ်ဆိုးတွေ ပျော်မြူးကြ
အလွမ်းမီးတောက်နဲ့ နှလုံးသားကို ကျပ်တင်
ဒါ မာယာအောင်ပွဲခံကျင်းပတဲ့ “ည”
ညတာရှည်လှတဲ့ဆောင်း
အရူးအမှုးလိုနေတဲ့ အလင်းအတွက်
ကိုယ့်ကိုယ်ကို မီးတင်ရှို့
အသွေးအသားတွေ မလောင်မြိုက်သေးခင်
ဥသြရေ
နွေဦးကို အကြိုထောက်ခဲ့ပေးပါ.......................။

ချစ်ခြင်းတို့၏ အဆုံးသတ်မှတ်ချက်
ဆုံတွေ့ခွင့် မရနိုင်သေးတဲ့
အချိန်ခဏမှာ ငါတစ်ယောက်ထဲ
လွမ်းနေတာကို
မိုးစက်တွေအသိဆုံးပါ..................။
မတွေ့နိုင်တဲ့ ရက်တွေမှာ အတွေးတွေကို ညီမလေးအကြောင်းပဲ အမြဲစိုးမိုးထားတယ်။အမြန်ဆုံချင်ပေမယ့်
မဖြစ်နိုင်သေးတဲ့ အချိန်မို့ ဒီလိုပဲလက်လျှော့ထားရတယ်။ကောင်းကင်ကြယ်လင်းတဲ့ နေ့မှာ ပြန်ဆုံဖို့ ကတိထားခဲ့ပေမယ့်
စက်တင်ဘာစီးတဲ့ နက္ခတ်က အသည်းကွဲသီချင်းတစ်ပုဒ်ဖြစ်ခဲ့ရင်တော့ ဒီတေးကို မဆိုချင်ဘူး ညီမလေး။
ချိုမြိန်သော အချစ်ကြောင့်
နှလုံးသားပျိုးခင်းမှာ
နှင်းဆီတွေ အပြိုင်းအရိုင်းပွင့်နေလေရဲ့.။
အချစ်ရဲ့သင်္ကေတကို နှင်းဆီနီနဲ့ ဖော်ကြူးတယ်ဆိုရင် အစ်ကို့ နှလုံးသားဟာ ညီမလေးအတွက် ချစ်ခြင်း၏တည်ရာဖြစ်သည်။နေခြည်ဖြာမှ လန်းတယ်လို့ထင်ရင် အစ်ကို့ရင်ခွင်ဟာ ညိမလေးအတွက် အလင်း၏တည်ရာဖြစ်သည။်အမြင့်ကို လှမ်းတက်ချင်သော နတ်သမီးအတွက် ပို့ဆောင်ပေးမယ့် တောင်ပံတစ်စုံဖြစ်ပေးချင်
သော ခံစားချက်ကို ညီမလေးသိစေချင်သည်။ပြန်သာလာခဲ့ပါ ကြိုနေမယ့် အသိုက်အမြုံတစ်ခု ကိုယ့်လက်နဲ့ ထုဆစ်ထားတယ်။
လရောင်ရေ..........
ကောင်မလေးတစ်ယောက်ကို
ငါဘယ်လောက်ထိ မြတ်နိုးတယ်ဆိုတာ
ငါ့ကိုယ်စားပြောပေးပါ.....................။
မထင်မှတ်တဲ့ နေ့တစ်ခုမှာ မျှော်လင့်မထားသောကောင်မလေး တစ်ယောက်ကို စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီတွေ့ဆုံခဲ့မှုအတွက် ကျွှန်တော်ဘယ်လောက်ထိ ချစ်မိခဲ့တယ်ဆိုတာမသိခဲ့ပါဘူး။ သူ့အတွက် အရူးတစ်ယောက်လို ဖြစ်နေခဲ့တာတွေ အပါအ၀င်ပေါ့။ကျွှန်တော် အဲဒီ့ကောင်မလေးကိုတကယ်ချစ်ခဲ့တာပါ။အခုထိလည်းချစ်နေဆဲပါပဲ၊ နောက်လည်းချစ်နေအုန်းမှာပါ။ဒါပေမယ့် ကောင်မလေးကတော့ ကျွှန်တော့်ရဲ့ချစ်ခြင်းတွေကို မယုံကြည်ခဲ့ပါဘူး။တကယ်မြတ်နိုးခဲ့တာတွေကို ဟုတ်ကောဟုတ်ရဲ့လားဆိုတဲ့ ယုံမှားသံသယတွေနဲ့ မေးခွန်းတွေထုတ်၊
ခံစားချက်ကတော့ အရုပ်တစ်ရုပ်မဟုတ်ခဲ့ပါဘူးဆိုတာ သူယုံကြည်ပေးသင့်ပါတယ်.။
အနီးဆုံးမှာပဲ နေချင်ခဲ့တာပါ
အခုတော့ အဝေးကပဲ
ကဗျာတွေနဲ့ အလွမ်းဖြေ
ရေးထားတဲ့ ကဗျာတွေမှာ
ငါ့အချစ်တွေပျော်ဝင်နေတယ်.........................။

Subscribe to:
Posts (Atom)
ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။