မျှော်လင့်ခြင်းတွေ
တလက်လက်တောထနေတဲ့
အိမ်မက်ကမ္ဘာတစ်ခုပေါ်
စိတ်ကူးခြင်းတိမ်တိုက်တွေက
အလွမ်းတွေ ဖွင့်ချခဲ့တယ်........
ကြေကွဲခြင်း သစ်တောထဲမှာ
အဖော်မပါတစ်ကိုယ်ထဲ
ဘယ်ဆီမှာမှန်းမသိတဲ့
ထွက်ပေါက်တစ်ခုကို
တွေ့လိုတွေ့ငြား လိုက်ရှာခဲ့မိတယ်
ဆုလာဘ်အဖြစ်ရရှိလာမယ့်
အနမ်းတွေကိုမျှော်လင့်လို့ပေါ့..........။
ကောင်မလေးရယ်...
နင်ကငါ့အတွက် အလင်းရောင်ဖြစ်ခဲ့ရင်
နင့်နှလုံးသားမီးအိမ်ကို ထွန်းညှိပေးပါ
ငါလမ်းပျောက်သွားမှာ စိုးလို့...................။
မိုးတိမ်ကဗျာ
အဲလို ကဗျာလေးတွေက ရင်ဘတ်ထဲက လာတာလား ဟင် ကောင်းတယ် လာအားပေးသွားတယ်နော် သိလား ဘိုင်
ReplyDelete