Sunday, August 9, 2009

အိမ်မက်မဟုတ်သော အိမ်မက်

ငါဂရုတစ်စိုက် မက်ခဲ့တဲ့
အခန်းဆက် အိမ်မက်ရှည်
ဒီညမှာ
ဇာတ်သိမ်းခန်းရောက်ပြီလား.............။

အိမ်မက်ကားထဲက
မင်းသားနဲ့မင်းသမီး
သူတို့နေရာမှာ
ကိုယ့်ကိုယ်ကို မင်းသားလုပ်
မင်းသမီးအဖြစ်
နင်ကသရုပ်ဆောင်တယ်
အလွမ်းမရှိ
အမုန်းမရှိ
မာယာတွေလည်း မရှိခဲ့ပါဘူး
ဒီလိုနဲ့
အဖြူရောင် အိမ်မက်ကို
ငါညတိုင်းမက်ခဲ့တယ်..............................။

အခုညလည်း
သရုပ်ဆောင်ဖို့
အိမ်မက်ရိုက်ကွင်းကို
အမြန်လာခဲ့ပါ ကောင်မလေး
ငါမက်ခဲ့တဲ့ အိမ်မက်ရှည်ကို
နောက်ညတွေမှာလည်းဆက်မက်ချင်သေးတယ်
ဇာတ်သိမ်းပိုင်းမရှိတဲ့
ငါ့ရဲ့ ........အခန်းဆက်အိမ်မက်ရှည် .................။.

မိုးတိမ်ကဗျာ

2 comments:

  1. အင် ကိုရီးယားကားတွေလိုပဲ အခန်းဆက်လား ဟုတ်လား ဟိဟိ

    ReplyDelete
  2. ကဗျာလေးကောင်းတယ်။
    ညဘက်အိမ်မက်ရှည်တွေနဲ့
    အခန်းဆက်တွေထပ်ပြီး ဖြစ်ပါစေဗျာ။

    ReplyDelete

ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။


ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။