မှတ်မှတ်ရရ ရှိခဲ့သော နှစ်ဟောင်းက
ရေသွန်းပွဲတော်ကို ပြန်သွားချင်နေမိတယ်........။
အခြေအနေတွေပေးမယ်ဆို
နင့်အနားမှာနေပြီး ဒီနှစ်ပွဲတော်မှာ
အတူတူပျော်ချင်ပေမယ့်
နင်က တွဲလက်ကို
တစ်ဖက်သတ်ဖြုတ်ချခဲ့ပြီလေ....................။
အလွမ်းတရားက ငါ့ကိုဖိစီး
လွင့်ပျံ့လာနေတဲ့ တေးသင်္ကြန်တွေက
ငါ့ဒဏ်ရာကို လာလာနှိုးဆွ
မျက်ဝန်းအိမ်ထောင့်မှာ
ဖြတ်ခနဲ တွေ့မြင်ရလိုက်တဲ့
ပန်းပိတောက်ကိုမြင်မှ
ဟိုအရင် နင့်ကေသာမှာ
ငါသီကုံးပေးခဲ့ဖူးတဲ့အချိန်ကိုတမ်းတမိလို့
ယောင်ယမ်းကာ နင့်နာမည်ကိုအော်ခေါ်မိတယ်................။
ဥသြရေ...............
အလွမ်းတွေနဲ့ နှစ်သစ်ကိုမကြိုပါရစေနဲ့ကွယ်........................။
မိုးတိမ်ကဗျာ
No comments:
Post a Comment
ဒီနေရာလေးမှာ Post နှင့်ပတ်သတ်သော အကြောင်းအရာများပြောထားခဲ့ပါ။